Thursday, April 24, 2008

ကလေးများနဲ့အင်တာနက်စွဲရောဂါ

အင်တာနက်ကိုစွဲနေတဲ့ ကလေးများကို အကူအညီပေးတဲ့ နွေရာသီ စခန်းသွင်း အဖွဲ့တဖွဲ့၏ ဦးဆောင်သူများ၏အဆိုအရ၊ ကလေးတွေဟာ တနေ့လျှင် ၉ နာရီကြာအောင် အင်တာနက်ကစားနေခြင်းကြောင့်၊ အင်တာနက်စွဲရောဂါများ Internet Addiction Disorders (IDA) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ဝေဒနာများ ခံစားနေရကြောင်းပြောပြခဲ့ပါတယ်။ လေ့လာသုတေသနပြုချက်အရ ဒီပြဿနာဟာ လူမှုပတ်ဝန်းကျင် ဆက်ဆံရေး လျော့နည်းလာတယ်။ အစားအသောက်အာဟာရချို့တဲ့လာတယ်။ ကွန်ပျူတာရှေ့မှာထိုင်နေရတော့ လှုပ်ရှားမှုနည်းလာတယ် စတဲ့ပြဿနာများ ၀င်လာတောတွေ့ရပါတယ်။ ဒါကြောင့်ယခုချိန်မှစပြီး ကလေးများကို ကွန်ပျူတာရှေ့ အကြာကြီးမကစားပါစေနဲ့။

0 comments: