Wednesday, April 16, 2008

ကိုယ်အလေးချိန်လျှော့ချင်သူများအတွက် သတင်းကောင်း

ကယ်(လ်)ဆီယမ်ဓာတ် လုံလောက်စွာစားပါက အစားလျှော့စားရန်မလို၊ လေ့ကျင့်ခန်းများများလုပ်ရန်မလိုဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ကြောင်း အမေရိကန်နိုင်ငံမှသုတေသီ တခုက အခိုင်အမာပြောဆိုလိုက်ကြပါတယ် ။ ဆယ်ကျော်သက်မိန်းကလေးများ အားလေ့လာခဲ့ရာ ကိုယ်အလေးချိန်နည်းရန်၊ ခန္ဓာကိုယ်အဆီမထူရန် ကယ်(လ်) ဆီယမ်ဓာတ်ပါသော အစားအစာများ ဥပမာ နို့တခွက် ချိစ် ဒိန်ခဲ ၁ လက်မစာလောက် တနေ့တကြိမ်စားရုံမျှဖြင့်၊ ကိုယ်အလေးချိန်မတက်အောင်ထိန်းထားနိုင်ကြောင်း တွေ့ရှိခံရတယ်လို့ဆိုပါတယ် ။ ယေဘုယျအားဖြင့် လူတိုင်း ကယ်(လ်)ဆီယမ်ပါဝင်သော အစာများစားပါက ၊ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အစာကို စားဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ် ။

0 comments: