Sunday, April 27, 2008

မှတ်ဥာဏ်မထိခိုက်အောင် ဒါတွေကိုရှောင်

(၁) အရက် ။ ။ အရက်သောက်သူများဟာ အနည်းဆုံး (၁၅) နှစ် ကြာသွားရင် မှတ်ဥာဏ်ကို ထိခိုက်လာတာ တွေ့ရပါတယ်။ (၂) ဆေးလိပ် ။ ။ ဆေးလိပ်သောက် တဲ့သူများဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှူရတဲ့ အတွက် မှတ်ဥာဏ် ထိခိုက်စေပါတယ်။ (၃) ကော်ဖီ ။ ။ ကော်ဖီများများ သောက်လျှင် ကဖင်းများက သွေးထဲမှာ ရှိတဲ့ ဗီတာမင် ပမာဏ ကို ကျဆင်းစေပြီး မှတ်ဥာဏ်ချို့ယွင်း လာနိုင်ပါတယ်။ (၄) ဆေးခြောက် ။ ။ ဆေးခြောက် သုံးစွဲလျှင် မှတ်ဥာဏ် ကိုရော ထိန်းချုပ် လှုပ်ရှားမှု ကိုပါ ထိခိုက် စေပါတယ်။ (၅) လက်ကိုင်ဖုန်းအသုံးပြုခြင်း ။ ။ လက်ကိုင်ဖုန်း ကထွက်တဲ့ ဓာတ်ရောင်ခြည် များဟာ လက်ကိုင်ဖုန်း ကိုနားမှာ ကပ်ပြီး စကားပြော နားထောင်သူ များရဲ့ ဦးနှောက်ကို ထိခိုက်စေလို့ မှတ်ဥာဏ် ချို့ယွင်း စေပါတယ်။ (၆) မှတ်ဥာဏ် ထိခိုက် စေသော ဆေးဝါးများ ။ ။ အိပ်ဆေးများ၊ စိတ်ငြိမ် ဆေးများ၊ သွေးတိုး ကျဆေးများ၊ အစာအိမ် အနာ အတွက် သောက်ရတဲ့ ဆေးဝါးများ ကလည်း မှတ်ဥာဏ်ကို ထိခိုက် စေပါတယ်။

0 comments: