Wednesday, May 14, 2008

ဆီးချိုကာကွယ်နိုင်တဲ့ black tea

black tea သောက်တာ ဟာ ဆီးချို ကာကွယ် ရာမှာ အထောက် အကူ ပြုနိုင် တယ်လို့ ဒွန်ဒီး တက္ကသိုလ် ရဲ့ သုတေသန ပြုချက် အသစ်မှာ ဖော်ပြတယ်။ black tea ဟာ အမျိုးအစား (၂) ဆီးချိုကို တိုက်ခိုက် နိုင်တဲ့ အလားအလာ ရှိတယ် လို့ အဲ့ဒီ သုတေသီ တွေက ဆိုပါတယ်။ အဲ့ဒီ လက်ဖက်ရည် မှာ ပါဝင် ပစ္စည်း တချို့က အင်ဆူလင် လို အစွမ်းထက် ဖွယ်ရှိတယ် လို့ ယူဆ ပါတယ်။ စကော့တလန် မှာ လူပေါင်း ၁၉၀၀၀၀ ကျော်ဟာ ခန္ဓာကိုယ် က အင်ဆူလင် အလုံအလောက် အထုတ်လုပ် နိုင်လို့ ဖြစ်တဲ့ ဆီးချို ရောဂါ တွေရှိကြ တယ်လို့ ယူဆရ ပါတယ်။ စကော့တလန် ဒွန်ဒီ တက္ကသိုလ် က ဒေါက်တာ ရရေဟန် ရီနာ ဦးဆောင်တဲ့ အဖွဲ့ က စကော့တလန် သီးနှံ သုတေသန ဌာနနဲ့ ပူးပေါင်းပြီး သုတေသန ပြုရာ theaflavin နဲ့ thearubigin လို့ခေါ်တဲ့ black tea ပါဝင် ပစ္စည်း တော်တော် များများ ဟာ အင်ဆူလင် ကို တုပ နိုင်တယ် ဆိုတာ တွေ့ရှိ ခဲ့ရ ပါတယ်။ နောက်ထပ် သုတေ သန လုပ်ဖို့တော့ လိုသေး တယ်လို့ ဒေါက်တာ ရီနာ ကပြော ပါတယ်။

0 comments: