Wednesday, May 14, 2008

ကေဖင်းနဲ့လေ့ကျင့်ခန်းဟာအရေပြားကင်ဆာကိုကာကွယ်နိုင်

စမ်းသပ်ခံ ကြွက်တွေ အပေါ်၌ လေ့လာ သုတေ သန ပြုချက်တွေ အရ ကာယ လေ့ကျင့်ခန်း နှင့် ကေဖင်း စားသုံးမှု ကို အတူ ပူးတွဲ ပြုလုပ် ပါက နေရာင်ခြည် ခရမ်းလွန် ရောင်ခြည် B ရောင်ခြည် သင့်မှုကြောင့် ပျက်ဆီး သွားသော အရေပြား ကလပ်စည်း တွေရှိ ဒီအင်အေ များကြောင့် ဖြစ်တတ်သော အရေပြား ကင်ဆာ အကြို အဆင့် ကလပ်စည်း များကို ဖျက်ဆီး ပစ်နိုင် ကြောင်း တွေ့ရှိ ခဲ့ရပါတယ်။ အခုလို တွေ့ရှိ ချက်ဟာ အရေပြား ကင်ဆာ ရောဂါ ကာကွယ်ရေး အတွက် လွန်စွာ အရေး ပါတဲ့ တွေ့ရှိချက် ဖြစ်သည့် အပြင် တခြား ကင်ဆာ ရောဂါများ ကာကွယ်ရေး တွင်ပါ အရေးပါ လိမ့်မှာ ဖြစ်ကြောင်း Rutgers ကင်ဆာ သုတေသီ အလန်ကော် နေးလ် က ဆိုပါတယ်။ သူတို့ဟာ အမွှေးမရှိ တဲ့ စမ်းသပ်ခံ ကြွက်အုပ်စု ကို သူတို့ရဲ့ အရေပြား ကလပ်စည်း ရှိ ဒီအင်အေ တွေကို ဖျက်ဆီးဖို့ အတွက် ခရမ်းလွန် ရောင်ခြည် B ထုတ်ပေးသော မီးလုံးတွေ နဲ့ မီးကင် ခဲ့ပါတယ်။ ဒီကြွက် အုပ်စုတွေ ထဲမှာ ကေဖင်း ကို တိုးထည့် ပေးပြီး လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်နေ စေတဲ့ အုပ်စု က ကြွက်တွေ ဟာ အရေပြား ကင်ဆာ မဖြစ်အောင် ခုခံ နိုင်စွမ်း ၁၀၀% တိုးမြင့် နေတာကို တွေ့ရ ပါတယ်။ ဒါပေမဲ့ ဒီသုတေသီ တွေက သူတို့ရဲ့ တွေ့ရှိချက် ရလာဒ် မည်သို့ပင် ရှိစေ ကာမူ လူတွေ အနေနဲ့ ခရမ်းလွန် ရောင်ခြည် ကို ကာကွယ် ပေးသော နေရောင် ခြည်ခံ လိမ်းဆေး Sunscreen တွေကို ကော်ဖီ ပိုသောက် တာနဲ့ မလဲသင့် ကြောင်း၊ ဒါ့အပြင် နေပူထဲ မှာထွက်ပြီး ကော်ဖီ သောက် ကာယ လေ့ကျင့်ခန်း လုပ်မယ်ဆို တဲ့ အတင့်ရဲ မှုကိုလည်း မလုပ်စေ ချင်ကြောင်း သတိပေး ကြပါတယ်။

0 comments: