Thursday, May 15, 2008

အမျိုးသမီးများ ပိုတက်ဆီယမ် အများအပြား ပါဝင်သော အစားအစာစားခြင်းဖြင့်သားယောက်ျားလေးမွေးနိုင်

ငှက်ပျောသီး အပါအ၀င် ပိုတက် ဆီယမ် အများအပြား ပါဝင်သော အစာများကို မြိန်ယှက်စွာ စားသုံး ခြင်းဖြင့် အထူးသဖြင့် နံနက် စောစော တွင် ထည့်သွင်း စားခြင်းဖြင့် အမျိုးသမီး များ သား ယောက်ျားလေး မွေးဖွား ရရှိနိုင် သည်ဟု သိရှိ ရသသည်။ သုတေသန ရလာဒ် အရ အဖို သန္ဓေသား သည် သကြား ပမာဏ နည်းပါး မှုကို မနှစ်သက် ကြောင်း ၊ အစားအစာ စားသောက် မှုကို ရှောင်ဖယ် ခြင်းဖြင့် သွေးတွင် သကြား ပမာဏ လျော့ပါးနိုင် ကြောင်း သိရှိ ရသည်။ လေ့လာမှုတွင် ယူနိုက်တက် ကင်းဒမ်းမှ သား သို့မဟုတ် သမီး မွေးဖွား မည်ကို မသိသေး သော ပထမ ဆုံး အကြိမ် ကိုယ်ဝန်ဆောင် သည့် အမျိုးသမီး ၇၀၀ တို့အား ကိုယ်ဝန် မဆောင်မီ မှ စ၍ သူမ၏ အစား အစာ စားသောက်မှု အလေ့ အကျင့် များကို မေးမြန်း ခဲ့သည်။ ကိုယ်ဝန် မဆောင်မီ ကယ်လိုရီ အများအပြား ပါဝင်သော အစာ စားသောက်မှု များသူများ သည် သား ယောက်ျား လေး မွေးဖွားမှု ၅၆% ရှိပြီး ကယ်လိုရီ အနည်းငယ် သာ စားသောက် သည့် အမျိုးသမီး များသည် သား ယောက်ျားလေး မွေးဖွား မှု ၄၅% ရှိသည်။ ရက်သတ္တ တစ်ပတ် တွင် ကောက်ပဲ သီးနှံ အစေ့ အဆန်ကို တကြီမ် ထက်ပို စားသည့် အမျိုးသမီး များသည် သား ယောက်ျားလေး
မွေးဖွား မှု ၈၇% ပိုများသည်။ လေ့လာမှု အရ ဗြိတိန် တွင် မနက် စောစော တွင် ကောက်ပဲ သီးနှံ အစေ့ အဆန် ပါဝင်ပြီး အနည်းငယ် သာစား သူကို အနက် စောစော မစားသောက်ဘဲ ရှောင်ဖယ် သူဟု သတ်မှတ် ကြောင်း Mathenws က ပြောကြား သည်။ နေ့စဉ် ပျမ်းမျှ ပိုတက် စီယမ် ၃၀၀ မီလီဂရမ် ပိုစားသောက် သူတွင် သား ယောက်ျားလေး မွေးဖွား ရရှိ ကြောင်း ကို ရှေး အမျိုးသမီး များ ပြောသည့် " ငှက်ပျောသီး စားလျှင် သားယောက်ျား မွေးဖွား မည် " ဆိုသည် မှာ မှန်ကန် ကြောင်း သုတေသီ များက ပြောကြားသည်။

0 comments: