သင်ဟာ ဆေးလိပ်စွဲ နေသူ မဟုတ်ဘဲ တခါတရံ လောက်သာ ဆေးလိပ် သောက်တတ်လို့ ကျန်းမာရေး ကို မထိခိုက်ဘူးလို့ မထင်လိုက်ပါနဲ့ ။
လေ့လာမှု အသစ်တွေ အရ တခါတရံ ဆေးလိပ်သောက်တာ ဟာလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ သွေးကြော လုပ်ဆောင်ချက်
တွေ ပျက်စီးစေနိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ် ။
သုတေသန ပြုသူတွေက ကျန်းမာရေး ကောင်းတဲ့ တက္ကသိုလ် ကျောင်းသား ၁၈ ဦးကို လေ့လာခဲ့ ပါတယ်။ ထိုသူတွေ ထဲမှာ တစ်ဝက်ခန့် ဟာ ဆေးလိပ် မသောက်သူ တွေဖြစ်ပြီး ကျန်တစ်ဝက်ဟာ တစ်ခါတစ်ရံ ဆေးလိပ်သောက်ပြီး တစ်ပတ်ကို တစ်ဘူး ထက်နည်း
သောက်ကာ ဆေးစစ်မှု မလုပ်ခင် ၂ ရက် အလိုမှာ ဆေးလိပ် မသောက်ထား သူတွေ ဖြစ်ပါတယ်။ တခါတရံ ဆေးလိပ်သောက်သူ တွေရဲ့ သွေးကြောတွေ ဟာ ဆေးလိပ် မသောက်သူ တွေထက် ၃၆ ရာခိုင်နှုန်း လျော့ပြီး သွေးစီးဆင်းမှု ပြောင်းလဲတာကို တွေ့ရှိခဲ့ပါတယ် ။ တခါတရံ
ဆေးလိပ်သောက်သူ တွေကို ဆေးလိပ် ၂ လိပ်စီ သောက်ခိုင်းပြီး ပြန်စစ်ကြည့်ရာ ဆေးလိပ် မသောက်သူတွေ ထက် သွေးစီးဆင်းမှု နောက်ထပ် ၂၄ ရာခိုင်နှုန်း ပိုလျော့သွား ကိုတွေ့ရှိ ခဲ့ပါတယ်။
ဒါကြောင့် တခါတရံ ဆေးလိပ် သောက်တာဟာလည်း နှလုံးသွေးကြော ကိုထိခိုက် နိုင်တယ်လို့ သုတေသီ တွေက ကောက်ချက်ချပါတယ် ။
Tuesday, January 20, 2009
တခါတရံသာ ဆေးလိပ်သောက် တာဟာလည်း ကျန်းမာရေး ကို ထိခိုက်နိုင်
Posted by lwan hlainge at 10:14 PM
Labels: ကျန်းမာရေး ပညာူပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment