ကြီးထွားသော ကေးကို ကိုယ်ဝန်ဆောင် ထားရသည့် မိခင်သည် ဗီတာမင် ဒီ ချို့တဲ့ပါက ဗိုက်ခွဲမွေးဖွါး ရနိုင်ခြေများကြောင်း ယူနိုက်တက်
စတိတ်မှ သုတေသီ များက ပြောကြားသည်။ ဗီတာမင် ဒီ ဓါတ်လုံလောက်သော မိခင်များသည် ဗီတာမင် ဒီ ချို့တဲ့သည့် မိခင်များထက် ဗိုက်ခွဲမွေးဖွား ရမှု လေးဆ နှင့် အထက်မြင့်မား သည်ဟု ကော့စတွန် ဆေးပညာ ဌာန သုတေသီ Michael Holick နှင့်အဖွဲ့ အစီရင်ခံ ထားကြသည်။ ဗီတာမင် ဒီ ပမာဏ နှင့် ဗိုက်ခွဲ မွေးဖွားခြင်း တို့အကြား ဆက်နွယ်မှုကို သိရှိနိုင်ရန် သုတေသီ များသည် ကိုယ်ဝန်ဆောင် မိခင် ၂၅၂ ဦးကို နှစ်နှစ်ကြာ လေ့လာခဲ့ ကြသည်။ အဆိုပါ အမျိုးသမီး များအနက် ၄၃ ဦး ( ၁၇ ရာခိုင်နှုန်း ) သည် ဗိုက်ခွဲ မွေးဖွား ခဲ့ကြသည်။ လေ့လာဆန်းစစ် မှု ရလာဒ်မှာ ဗီတာမင် ဒီ ချို့တဲ့ သော ကိုယ်ဝန်ဆောင် မိခင် များသည် ဗိုက်ခွဲ မွေးဖွား ရမှု လေးဆ များသည်။ ယခင် သုတေသန အရ ကိုယ်ဝန်ဆောင်စဉ် မိခင်တွင် ဗီတာမင် ဒီ လျော့နည်းခြင်း သည် ရင်သွေး ကလေးများတွင် ကလေး ဘ၀၌ သွားပျက်စီးမှု အန္တရာယ် ကြုံတွေ့ ရနိုင်သည်။
Tuesday, January 20, 2009
ဗီတာမင် ဒီ ချို့တဲ့ ခြင်းကြောင့် ဗိုက်ခွဲ မွေးဖွားရခြင်း အန္တရာယ် တိုးမြင့်စေနိုင်
Posted by lwan hlainge at 10:18 PM
Labels: ကျန်းမာရေး ပညာပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment