Wednesday, April 16, 2008

သားဥအိမ်ကင်ဆာနှင့်အစားအစာ

သားဥအိမ်ကင်ဆာမဖြစ်အောင် တပတ်မှာ မုန်လာဥ ၅ ကြိမ်စားပါ။ ခရမ်းချဉ်သီးဆော့ (ငရုတ်ဆီ) တပတ် ၂ ကြိမိနှုန်းစားပေးပါက သားဥအိမ်ကင်ဆာဖြစ်နှုန်းရဲ့ ၅၀% ကျဆင်းစေတယ်လို့ သုတေသနပြုချက်အရ လေ့လာမှတ်သားရပါတယ် ။

Read More...

မျက်မမြင်ကာကွယ်ဖို့ ဟင်းရွက်စိမ်းစားကြစို့

အသက်ကြီးလာလို့ မျက်စိကွယ်ရတဲ့ရောဂါတမျိုးဖြစ်သော Age Ralated Macular Degenaration (AMD) ရောဂါဟာ မျက်စိအမြင်တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာပြီး ကုသလို့မရနိုင်တာများပါတယ် ။
သုတေသနပြုချက်အသစ်များအရ အသက်ကြီးလို့ မျက်စိမှုန်ခြင်းကို ကာကွယ်ရန် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့်ကာရိုတင်နွိုက် (Carotinoids) ခေါ်ပစ္စည်းများပါသော အစားအစာများကို စားပေးရမယ်လို့သိရပါတယ် ။ ဥပမာ ဗီတာမင်စီ ၊ အီး ၊ ဓာတ်တိုးဆန့်ကျင်စ္စည်း၊ လူတိန်း (Lutein) ပါဝင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ၊ ဇင့် နှင့် ဆယ်လီနီးယမ်း သတ္တုဓါတ်များ နေ့စဉ်ဖြည့်စွက်စားသင့်ပါတယ် ။

Read More...

ရေနဲ့အစာချေဖျက်ခြင်း

တချို့က ထမင်းစားတုန်း ရေသောက်လျှင် အစာပိုကြေလွယ်တယ်လို့ ထင်တတ်ကြပါတယ်။ အဲ့ဒါမှားပါတယ်။ အစာအိမ်မှာအစာချေဖျက်ဖို့ ရေလိုတာဟာမှန်ပေမဲ့ အဲ့ဒီရေက ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲက တဆင့် ရယူတာပဲ ဖြစ်ပါတယ် ။ ပြင်ပမှ ထပ်သောက်လိုက်တဲ့ရေနဲ့ ချေဖျက်တာမဟုတ်ပါဘူး။

Read More...

Tuesday, April 15, 2008

သင်သိရဲ့လား ? ( သတိထားသင့်ပါတယ် )

- စီးကရက် တစ်လိပ်သောက်ခြင်းတိုင်း သင့်အသက် ( ၁၄) မိနစ်ပိုတိုသွားတယ် ။
- အကောင်းမြင်စိတ်ထားရှိခြင်းသည် သင်၏ အသက်ကို ပျမ်းမျှ (၇) နှစ်ခန့် ပို၍ ရှည်စေနိုင်ပါသည်။
- အအေးလွန်သော အစားအစာ ဥပမာ ရေခဲမုန့် ၊ အအေးဖျော်ရည် စသည်တို့ကို အမြန်စားလျှင် ဦးနှောက် အတွင်းရှိသွေးကြောများ ရုတ်တရက် ကျဉ်းသွားသဖြင့် ခေါင်းကိုက်တတ်သည်။
- တည ၅ နာရီထက် လျော့နည်းစွာ အိပ်သောသူ နှလုံးရောဂါ တိုက်ခိုက် ခံရမှုကို ၂ ဆ ၃ ဆ အထိ ပိုမို ခံရတတ်ပါသည် ။

Read More...

အမျိုးသမီးများ၏ အသားအရေသည် အမျိုးသားများထက်မြန်မြန်အိုမင်းနိုင်

အရေပြားဆိုင်ရာ လေ့လာချက်အသစ်တခုမှ အမျိုးသမီးတွေရဲ့ အရေပြားက အမျိုးသားတွေရဲ့ အရေပြားထက် မြန်မြန်အိုမင်းတာကို ပြသခဲ့ပါတယ်။ လေဆာပုံရိပ်နည်းနိသျှအသစ်တစ်ခုကို အသုံးပြုပြီးတော့ သုတေသီတွေက အရေပြားရဲ့ ပိုနက်ရှိုင်းတဲ့နေရာကို ကြည့်ခဲ့ကြပြီး နေရောင်နဲ့ထိတွေ့လို့ ပျက်ဆီးသွားတဲ့ကမာဏနဲ့ အိုမင်းရင့်ရော်မှုကို တိုင်းတာကြပါတယ်။ ကိုလာဂျင် (Collagen) နဲ့ အီလက်စတင် (Elastin) တွေရဲ့ ပုံရိပ်တွေမှာ သူတို့ရဲ့ ဆုတ်ယုတ်လာမှုက အရေတွန့်မှုတွေကို ဖြစ်စေပြီး နူးညံ့မှုတွေဆုံးရှုံးကုန်ပါတယ်။ အဲ့ဒီမှာတွေ့ရတာက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုလာဂျင်ဆုံးရှုံးမှုပိုမြန်တဲ့ အကြောင်းပါ ။ ကိုလာဂျင်တွေက ဒါမစ်လို့ခေါ်တဲ့ အရေပြားရဲ့ဆက်စပ်နေတဲ့ တစ်သျှူးအလွှာထဲမှ ပရိုတင်းအုပ်စုတစ်ခုပါ၊ သူတို့ကအရေပြားသန်စွမ်းမှုအတွက် တာဝန်ရှိတဲ့ပစ္စည်းပါ။ လူ့ခန္ဓာကိုယ်က ငယ်ရွယ်စဉ်မှာ ကိုလာဂျင်တွေ အများကြီးလုပ်ပေးပေမဲ့ အသက်ကြီးလာတာနဲ့ ထုတ်လုပ်မှုလျှော့ကျသွားပါတယ်။ နည်းနိသျှအသစ်နဲ့ ဆရာဝန်တွေက လေဆာအနီအောက်ရောင်ခြည်ရဲ့ တိုက်ရိုက်အလွန်တိုတဲ့ အလင်းရောင်လျှပ်စစ်မှုကို ပထမဆုံး အရေပြားအလွှာ မပျက်စီးစေပဲ အရေပြားထဲကို ၀င်ရောက်စေပြီး အရေပြားတစ်သျှုးတွေကို အလင်းပြန်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကိုလာဂျင်တွေက အပြာရောင်အလင်းနဲ့ အီလတ်စတင်က အစိမ်းရောင်အလင်းတွေကို ထုတ်လွှတ်ပါတယ်။ အဲဒီအရောင်တွေက တစ်ခုချင်းစီရဲ့ နှိုင်းယှဉ်ပမဏကို တိုင်းတာလို့ရစေခြင်းဖြစ်ပါတယ်။ပျမ်းမျှအားဖြင့် ကိုလာဂျင်နဲ့ အီလတ်စတင်တို့ နှိုင်းယှဉ်ပမာဏနဲ့ အရေပြားရဲ့ရုပ်ပိုင်းဆိုင်ရာသွင်ပြင်တို့ဟာ လူနာရဲ့ အသက်နဲ့ ဆက်စပ်နေပါတယ် ။ ဒါကလည်း ကျားနဲ့မ ကွဲပြားမှုအပေါ် အပြန်အလှန် ဆက်စပ်နှီးနွယ်နေပုံရပါတယ် ။ အမျိုးသမီးတွေရဲ့ အရေပြားဟာ အမျိုးသားတွေထက်ပိုပြီး မြန်မြန်အိုမင်းပုံပေါ်ပါတယ် ။

Read More...

ထောပတ်သီးစားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူး

ထောပတ်သီးတလုံးမှာ လူ၏မျက်လုံးအမြင်စွမ်းအားကောင်းစေတဲ့ လူတင်းဓါတ် ကိုလက်စထရောကိုကျစေတဲ့ ဘီတာစီတိုစထရော လည်ကြောင်းနဲ့ ပါးစပ်ကင်ဆာကိုကာကွယ်ပေးတဲ့ ဂလူသာသီအိုးနဲ့ နှလုံးအားကောင်းစေတဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ်။ ထို့အပြင်ထောပတ်သီးမှာ ငှက်ပျောသီး အပါအ၀င် အခြားအသီးများထက် ပိုတက်စီယမ်နဲ့ မက်ဂနီစီယမ်ဓါတ်တွေ ပိုမိုပါဝင်ပါတယ်။ ထောပတ်သီးထဲမှာ လူကို ဒုက္ခမပေးတတ်တဲ့ အဆီဓါတ် အဓိကပါဝင်ပါတယ် ။ ထောပတ်သီးကို ဒီအတိုင်းသော်လည်းကောင်း ဖျော်ရည်အဖြစ်သော်လည်းကောင်း နှစ်သက်သလိုစားသုံးသင့်ပါသည်။

Read More...

ရှောက်သီး စားခြင်းဖြင့်

ရှောက်သီးမှာ ဗီတာမင် စီ နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ် .. ။ ရှောက်သီးဟာ ခုခံအားကိုကောင်းစေခြင်း ၊ အသည်းအလုပ်လုပ်ခြင်းကို မြှင့်တင်ပေးခြင်းနဲ့ သွေးဖိအားကို နှိမ့်ချပေးခြင်း တို့အတွက် ကောင်းပါတယ် ။ ဒါ့အပြင် သဘာဝပိုးသတ်ဆေးအနေနဲ့လည်း ရှောက်သီးဟာ အနာကျက်မြန်စေခြင်း နဲ့ ပိုးကူးဆက်ခြင်းတို့ကိုပါ ဟန့်တားပေးပါတယ် ။ ရှောက်သီးမှာပါဝင်တဲ့ ပက်တင်ဓါတ်ဟာ ကိုလက်စထရောပမာဏကို ကျစေပါတယ် ။ ရှောက်သီးမှာ ၁၉ ကယ်လိုရီ ၊ အဆီ ဓါတ် ၀.၃ ဂရမ် ပါဝင်ပြီး ၊ ဗီတာမင်စီလည်း လိမ္မော်သီး မှာထက်ပိုပြီးပါဝင်ပါတယ်

Read More...