အသည်းရောင် " စီ " ပိုးက အဖြစ်များတယ်။ နုံး ၊ မော ၊ မျက်လုံးဝါ ၊ အသည်းရောင် ၊ အသည်းခြောက် ၊ အသည်းကင်ဆာ ဖြစ်တာတွေ တော့ လူသိများကြပါတယ် ။ သန်း ၁၇၀ ဆိုတာ ကမ္ဘာ့လူဦး ရေ ရဲ့ ၃ ရာခိုင်နှုန်းရှိပါတယ် ။ အသည်းရောင် " စီ " ပိုးရှိတဲ့ လူတွေပြောတာပါ ။ သွေးသွင်းမိလို့ ၊ ဆေး မလိုဘဲ ထိုးမိလို့ ၊ မူးယစ်ဆေးဝါး စွဲမိလို့ ၊ လိင်အပျော်အပါး များမိလို့ ၊ သွားစိုက် သွားနုတ် လုပ်မိလို့ ၊ ခွဲစိတ်ကုသ ခံဖူးလို့ ၊ ကလေး မွေးခဲ့လို့ ၊ ကာကွယ် ဆေးထိုးရာ တစ်ခါသုံး အပ်မသုံးမိ လို့ စတဲ့စတဲ့ အကြောင်းအရာ တွေကြောင့် ကူးကြပါတယ် ။ ဘယ်အချိန် က စဖြစ်မှန်း လည်း မသိဘူး ။ ရောဂါ လက္ခဏာ မပြတဲ့ လူမပြဘူး တချို့မှာ ၀င်ပြီးရင် ၆၀ ရာခိုင်နှုန်းက နေ ၇၀ ရာခိုင်နှုန်း ဟာ နာတာရှည် အသည်းရောင် ဖြစ်တယ်။ ၂၀ ရာခိုင်နှုန်းက အသည်းခြောက် ဆီကို ကူးသွားတယ် ။ ရောဂါတိုးတာ ပြောတာပါ ။ အဲ့ဒိ ထဲက ၁၃ ရာခိုင်နှုန်းက သေတယ် ။ ရောဂါ လက္ခဏာ က ထင်ထင်ရှားရှား မပြဘဲ နှစ် ၂၀ နှစ် ၃၀ ရှိနေတယ် ။ လွန်မှ ပြတယ် ။ ဒါကြောင့် တိတ်တခိုး ပွားနေတဲ့ ကပ် ( Silent Epidemic ) လို့ တင်စားကြတယ် ။ ရောဂါက တိုးတယ် ။ ဖြည်းဖြည်း တိုးတယ် ။ ပိုးက ခန္ဓာကိုယ် ရဲ့ ကိုယ်ခံ စွမ်းအားကို လှူံ့ဆော်တယ် ။ ခန္ဓာကိုယ် က ပိုးကို တိုက်တဲ့ စနစ်တွေ သုံးတယ် ။ ပိုးက ရှောင်တိမ်းတယ် ။ ကိုယ့်ခန္ဓာကိုယ် ပဲ ပြန်ထိတယ်။ ပိုးကို မထိဘူး။ ဒီမှာတင် အသည်း မဟုတ်တဲ့ လက္ခဏာတွေ ရတော့တာပဲ။ ကိုယ့်ကိုယ်ကို ပြန်ထိတာကို autoimmune လို့ခေါ်တယ် ။
လက္ခဏာတွေမှာ -
- အသည်းရောင် " စီ " ပိုးနဲ့ ဆက်စပ်တဲ့ ရောဂါများ ( strong association )
- အသည်းရောင် " စီ " ပိုးနဲ့ ဆက်စပ်တယ်လို့ ထင်ရတဲ့ ရောဂါများ ( moderate association )
- အသည်းရောင် " စီ " ပိုးနဲ့ ဆက်စပ်မယ်လို့ ထင်ရတဲ့ ရောဂါ များ ( mild association ) ဆိုပြီး သုံးမျိုး အုပ်စုရှိတယ် ။
အိပ်ရေးဝ ပေမယ့်လည်း မနက်ထရင် နည်းနည်း နုံးတယ်။ နေမြင့်လေ နုံးလေပါပဲ။ တစ်ခါ တလေ အလုပ်ကြာကြာ လုပ်ပြီး တာနဲ့ တော်တော် နုံးတယ် ဆိုတဲ့ လူတွေ ဟာ ဒီအသည်းရောင် စီ ပိုးကြောင့် မဟုတ်လောက်ဘူး။ စိတ်ကျ ရောဂါ တို့ သိပ်ဟောက်တဲ့ ရောဂါ
( sleep apena ) တို့ ဖြစ်မယ် ထင်တယ် ။ တချို့က အိပ်မောကျရင် အသက်ရှူ လမ်းကြောင်း ပိတ်ပိတ်သွား တတ်တယ် ။ မနက်ကျတော့ တအားနုံး နေရော ၊ အဲဒါကို sleep apena လို့ခေါ်တယ်။
နုံးတယ် ဆရာ ၊ ခံနိုင်ပါ့မလား လို့ မေးပေမယ့် အသည်းရောင် " စီ " ပိုးကို ကုလို့ ပျောက်သွားရင် ဒီနုံးတာ ဟာလည်း ပျောက်သွားတာပဲ ။
ရူမတွိုက် ( Rheumatoid ) ဆိုတဲ့ အဆစ်ရောင် ရောဂါ မှာ မြင့်တက်တတ်တဲ့ Rheumatoid factor ( RF ) ဆိုတာ အသည်းရောင် " စီ " ပိုးရှိတဲ့ လူအများ စုမှာ မြင့်တက်တယ် စသည်ဖြင့် အသည်းရောင် " စီ " ပိုးကုတဲ့ အခါ မှာ ရှာဖွေရတယ် ။
ပထမ အုပ်စု
အသည်းရောင် " စီ " ပိုးနဲ့ ဆက်စပ် တဲ့ ရောဂါများ
( က ) MIxed cryoglobulinemia ( ကိုယ့်ခန္ဓာကိုယ် ပြန်တိုက်တဲ့ အေးခဲသွားသော ပဋိ ပစ္စည်း တွဲများ )
( ခ ) Purpura ( အရေပြား သွေးကွက်ပေါ် ခြင်း ) ; အရေပြား သွေးမျှင် လေးများ ရောင်သောကြောင့် ဖြစ်တယ် ။
( ဂ ) Neuropathy ( အာရုံကြော ရောဂါများ )
( ဃ ) Non-deforming , Arthralgias ( အရိုး အဆစ် အမြစ် ရောင်တဲ့ ရောဂါများ ဒါပေမဲ့ အရိုး အဆစ် ကောက်ကွေး ပုံစံပျက် ခြင်း မရှိပါ )
( င ) MPGN ( ကျောက်ကပ် ရောင်ရောဂါ တစ်မျိုး )
( စ ) နာတာရှည် ဖျားခြင်း
( ဆ ) Asthenia, fatigue , weakness ( နုံးတယ် ၊ ပျော့တယ် )
ဒုတိယ အုပ်စု
အသည်းရောင် " စီ " ပိုး နဲ့ ဆက်စပ်တယ် လို့ ထင်ရတဲ့ ရောဂါများ
( က ) Non-cryoglobulinneamia systemic vasculitis ( PAN ) ( Poly Arteritis Nodosa ) သွေးကြောကလေး များ ရောင်ခြင်း
( ခ ) ဗေလုံး တွင် သွေးကျိတ် ကင်ဆာ ဖြစ်ခြင်း
( ဂ ) သွေးဖြူဥ အမျိုးအစား ဘီ နှင့် ဆက်စပ်သော သွေးကျိတ်
( ဃ ) Sicca syndrome ( ပါးစပ်ခြောက် ၊ မျက်လုံးခြောက် ရောဂါများ )
( င ) Porphyria cutenea tarda ( နေထိ သော နေရာများ တွင် အရေပြား အရည်ကြည် အိတ်ကလေး များပေါ်ခြင်း ၊ ကုပ် ၊ လက် ၊ လက်ဖျံ၊ မျက်နှာ စတဲ့ နေရာတွေ ဖြစ်တယ် )
တတိယ အုပ်စု
အသည်းရောင် " စီ " ပိုးနဲ့ ဆက်စပ်ကောင်း ဆက်စပ် မယ်ထင်ရတဲ့ ရောဂါများ
( က ) သွေးမွှားဥ နည်းတဲ့ ရောဂါ
( ခ ) အမျိုးအစားနှစ် ဆီးချို
( ဂ ) သိုင်းရွိုက် ခေါ် လည်ပင်း ဟော်မုန်း ကျိတ်ရောင်သော ရောဂါ
( ဃ ) Lichen planus ( လိုင်ခန် ပလင်းနပ် ခေါ် အရေပြား ရောဂါ တစ်မျိုး )
စသည်ဖြင့် တွေ့ရတယ် ။ တစ်ခု ချင်းစီကို နောက်မှ ပြောပါမယ် ။
အသည်းရောင် " စီ " ပိုးဆေး မထိုးခင် နဲ့ ဆေးထိုးစဉ် ကာလမှာ ဘာလို့ သွေးတွေ တစစ်တည်း စစ်နေရတယ်ဆို တာ နားလည် လာမယ် ။
ပါမောက္ခ ဦးသံစစ် ( အသည်းအထူးကု ) ရန်ကုန်ပြည်သူ့ ဆေးရုံကြီး
Tuesday, January 20, 2009
အဖြစ်များ ၍ လူသိနည်းသော " စီ " ပိုး၏ လက္ခဏာများ
Posted by lwan hlainge at 10:05 PM 0 comments
Labels: ကျန်းမာရေး ပညာပေး
လက်ကိုင်ဖုန်း နဲ့ ကင်ဆာရောဂါ
လက်ကိုင်ဖုန်း များသည် ဦးနှောက်ကင်ဆာ ရောဂါကို ရစေနိုင်ကြောင်း ပြောဆို ငြင်းခုန် မှုများသည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ရှိခဲ့သည်။
အမှန်တော့ လက်ကိုင် ဖုန်းများသည် ဦးနှောက်ကင် ဆာရောဂါကို ဖြစ်စေနိုင်သော အကြောင်းပြချက် ကောင်းကောင်း မရှိပါ။ လက်ကိုင်ဖုန်း များမှ ထုတ်သော ရေဒီယို လှိုင်းများသည် ဟိုအရင်ကတည်းက အသုံးပြုခဲ့သော ပစ္စည်းများ ဥပမာ - ရေဒီယို ၊ တီဗွီ (ကြိမ်နှုန်း
အနည်းငယ် ပိုနိမ့် ) နှင့် မိုက်ခရို ဝေ့ မီးဖို ( ကြိမ်နှုန်း အနည်းငယ် ပိုမြင့် ) တို့က ထုတ်သော လှိုင်းများ နှင့် ဆင်တူပါသည် ။ ယင်းလှိုင်းများကို Non - ionising အမျိုးအစား ဟု ခေါ်ပြီး သူတို့က လူ့ခန္ဓာ ကိုယ်ဆဲလ် များကို မထိခိုက်စေပါ ။
ယင်းရောင်ခြည် လှိုင်းများသည် Ionising ဖြစ်စေရန် အတွက် လျှပ်စစ်သံလိုက် စက်ကွင်း သည် ဘီလီယံ ဆခန့် ပိုပြီး မြန်မြန် အတက်အကျ ဖြစ်ရန် လိုအပ်ပါသည်။ ဥပမာ - ဓါတ်ရောင်ခြည် ( X - ray radiation ) လိုမျိုးပါ ။
လျှပ်စစ် သံလိုက် စွမ်းအင်သည် အပူစွမ်းအင် ကို များစွာ ထုတ်လွှင့်ပေးပြီး ယင်း အပူက လူကိုယ် ခန္ဓာရှိ အစိတ်အပိုင်းများ ကို ထိခိုက်စေ နိုင်သည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း မှ ထုတ်လွှင့်ပေးသော အပူစွမ်းအားမှာ အလွန်နည်းလွန်း သဖြင့် လူ့ကိုယ်ခန္ဓာ ကို ထိခိုက်နိုင်ခြင်း မရှိပေ။
၂၀၀၁ ခုနှစ် တွင် အမေရိကန် အမျိုး သား ကင်ဆာရောဂါ ဌာနမှ သုတေသန ၂ ကြိမ် ပြုလုပ်ခဲ့ရာ လက်ကိုင် ဖုန်းသုံးခြင်း ဖြင့် အကျိတ် ဖြစ်ပေါ်စေမှု လုံးဝ မတွေ့ရှိရ ကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့သည် ။
သြစတြေးလျ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဖင်လန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အစ္စရေး ၊ အီတလီ ၊ ဂျပန် ၊ နယူးဇီလန် ၊ နော်ဝေ ၊ ဆွီဒင် နှင့် ဗြိတိန် စသည့် ၁၃ နိုင်ငံ ပါဝင် ဖွဲ့စည်း ထားသည့် အပြည်ပြည် ဆိုင်ရာ ကင်ဆာ ရောဂါ သုတေသန အေဂျင်စီ အဖွဲ့ အစည်း ကလည်း ကင်ဆာ ဆဲလ်ကို စနစ်တကျ လေ့လာခဲ့ ကြရာ ရလာဒ်မှာ ယခင် အမျိုးသား ကင်ဆာ ဌာန၏ ရလာဒ် အဖြေနဲ့ သိပ်မကွာခြား လှပေ။ ဆဲလ် ဖုန်းသုံးစွဲ
ခြင်းဖြင့် ဦးနှောက်တွင် အကျိတ်ဖြစ်စေ နိုင်သော အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရှိရပေ။
လျှပ်စစ် သံလိုက် စက်ကွင်းနှင့် ကင်ဆာရောဂါ တို့သည် ဆက်စပ်နေသည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း နှင့် ကင်ဆာ ရောဂါတို့မှာ မူ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေသည် ။
ထို့ကြောင့် လက်ကိုင် ဖုန်းကို သင့်အနေဖြင့် အမြဲတမ်း သုံးစွဲနေရမည် ဆိုပါက မည်သည့် အန္တရာယ် မှ မကျရောက်နိုင် သဖြင့် စိတ်ချ ယုံကြည်စွာ ဖြင့် သုံးစွဲနိုင် သည်ဟု ဆိုသည်။
Posted by lwan hlainge at 9:56 PM 0 comments
Labels: ကျန်းမာရေး ပညာပေး
Tuesday, September 9, 2008
ဗိုက်မပူ၊ ခါးမတုတ်စေဖို့
အီရန်နိုင်ငံမှ အာဟာရပညာရှင်တွေရဲ့ လေ့လာချက်အရ အောက်ဖော်ပြပါအချက်အလက်တွေဟာ သင့်ကို ဗိုက်ပူ၊ ခါးတုတ်စေဖို့ ရာခိုင်နှုန်းပိုများစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
၁။ နေ့စဉ် ဗီတာမင်စီ 56mg ထက် လျော့ပြီးစားခြင်း။
၂။ နေ့စဉ် ကယ်လ်စီယမ် 39.8mg ထက် လျော့ပြီးစားခြင်း။
၃။ နို့နဲ့ နို့ထွက်ပစ္စည်း အစားနည်းခြင်း။
ခါးတစ်ဝိုက်မှာ အဆီစုနေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေများတတ်ပါတယ်။ ဒါကြောင့် ခါးသေးပြီး ဗိုက်ရှပ်စေဖို့ဗီတာမင်စီနဲ့ ကယ်လ်စီယမ်များစွာပါဝင်တဲ့ ဟင်းနုနယ်ရွက်တွေ များများစားပါ။ ဒါ့အပြင် အဆီနည်း ဒိန်ချဉ်၊ နွားနို့နဲ့ ဒိန်ခဲတွေ စားပေးပါ။
Posted by lwan hlainge at 9:03 PM 0 comments
Labels: ကျန်းမာရေး ပညာပေး
အဖြူရောင် အစာတွေသတိထား
အာလူးချောင်းကြော်တွေနဲ့ ပေါင်မုန့်ဖြူတွေ အများအပြားစားခြင်းဟာ သင့်ကို ကင်ဆာရောဂါဖြစ်နိုင်ခြေများစေပြီး တစ်နေ့ကို စီးကရက်တစ်ဘူးသောက်ခြင်းနဲ့တောင် ယှဉ်နိုင်တယ်လို့ University Michigan Cancer Center မှ သုတေသီတွေက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖြူရောင် အစာတွေမှာ ကင်ဆာကျိတ်တွေကို ကာကွယ်ဖို့ သင့်ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရတွေ (ဗီတာမင် အေ၊ ဘီ၊ အီး၊ ကယ်ရိုတီးနွိုက်၊ ဆီလီနီယမ်နဲ့ ကယ်လ်စီယမ်) မပါဝင်တဲ့အတွက်ပါ။ ဒီအာဟာရဓာတ်တွေ မပါဝင်ရုံသာမက ဒီအဖြူအစာတွေရဲ့ဇီဝဖြစ်ပျက်မှုအတွက် ခန္ဓာကိုယ်က သူ့မှာ နဂိုရှိနေတဲ့ ကိုယ်ပိုင်အာဟာရဓာတ်တွေကို စွဲယူသုံးလိုက်ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေ ကုန်ဆုံးပျောက်ပျက်သွားရပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ လွယ်လွယ်လေးပါ။ အဖြူရောင်အစာတွေ တတ်နိုင်သလောက်လျှော့စားပြီး နေ့စဉ်ရောင်စုံသစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ ငါးမျိုးမှကိုးမျိုးအထိစားပေးပါ။
Posted by lwan hlainge at 9:01 PM 0 comments
Labels: ဆေးဘက်ဝင် အစားအစာများ
မကောင်းတဲ့ ကိုလက်စထရော.....
သင့်ဆရာဝန်က သင့်မှာမကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်တွေများနေပြီး သွေးကြောပိတ်ဆို့နိုင်တဲ့အတွက် LDL အဆင့်လျှော့ချဖို့လိုတယ်လို့ပြောခဲ့ရင် နေ့စဉ်မှန်မှန် ဂရိတ်ဖရုသီးအနီရောင်တစ်လုံး
စားပေးပါ။ သင် Statin ဆေးစားလို့ LDL အဆင့်မကျရင်တောင် ဒါမှမဟုတ် အစားအသောက်နဲ့ Lifestyle မပြောင်းလဲရင်တောင်မှ ဂရိတ်ဖရုသီးစားရုံနဲ့မကောင်းတဲ့ ကိုလက်စထရော အဆင့် ၂၀
%လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အနီရောင်ဂရိတ်ဖရုသီးမှာပါဝင်တဲ့ Antioxidants တွေဟာ သင့်အသည်းမှ LDL တွေထုတ်လုပ်မှုနည်းအောင် ကူညီပေးနိုင်ပါတယ်။
Posted by lwan hlainge at 9:00 PM 1 comments
Labels: ကျန်းမာရေး ပညာပေး
နှာခေါင်းသွေးယိုခြင်းအတွက် အိမ်တွင်းကုထုံး
နှာခေါင်းသွေးယိုခြင်းဖြစ်ပါက-
၁။ လူနာ၏ မျက်နှာနှင့် နှာခေါင်းကို ရေအေးဖြင့် ဆေးကြောပေးရမည်။
၂။ နှာခေါင်းတစ်ဝိုက်မှာ ရေခဲအိတ် ကပ်ပေးရမည်။
၃။ နှာရည်ညှစ်ခြင်းနှင့် နှာခေါင်းပေါ်မှာ ဖိအားပေးခြင်း လုံးဝမပြုလုပ်ရ။
၎။ လူနာသွေးပေါင်ချိန် မြင့်တက်နေပါက ချက်ချင်းဆေးကုသနိုင်ရန် လိုအပ်ပါသည်။
၅။ တလည်းပွင့် ကို အရည်ဖျော်ပြီး ရှူရှိုက်ပေးနိုင်ပါသည်။
Posted by lwan hlainge at 8:59 PM 0 comments
Labels: ကျန်းမာရေး ပညာပေး
သင့်သွားကို ဂရုစိုက်ပါ
သင့်သွားတွေကို မှန်မှန်တိုက်ပေးခြင်းဟာ သွားပိုးစားခြင်းအန္တရာယ်ကို ကာကွယ်ပေးရုံသာမက အဆုတ်ရောင်ရမ်းနာရောဂါဖြစ်နှုန်းအန္တရာယ်ကိုပါ လျှော့ချပေးနိုင်ပါတယ်။ Buffalo တက္ကသိုလ်ရဲ့လေ့လာမှုအရ သွားချေးတွေမှာ ရှိတဲ့ ရောဂါပိုးမွှားတွေဟာ အဆုတ်ထဲကို ရောက်ရှိရှူသွင်းမိရာက အဆုတ်ရောင်ရမ်းနာဖြစ်စေရတယ်လို့ ဆိုပါတယ်။ အဆုတ်ထဲကဘက်တီးရီးယားပိုးနဲ့ သွားချေးကပိုးဟာ ပေါင်းစပ်သွားတာဟာလည်း အဆုတ်ရောင်ရမ်းနာကို ပိုမိုဖြစ်စေပါတယ်။ ဒါကြောင့် ရယ်မောလိုက်တိုင်း ဖြူဖွေးတဲ့ သွားတွေပေါ်လွင် လှပဖို့သာမက ကျန်းမာရေးအတွက်ပါ သွားတွေကို တစ်နေ့နှစ်ကြိမ်တိုက်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် သွားကြားပွတ်ကြိုးသုံးတာနဲ့သွားဆရာဝန်ဆီပုံမှန် သွားရောက်စစ်ဆေးပြသပေးပါမှသွားချေးကင်းစင်ပြီး ပိုးမွှားအန္တရာယ်လည်း ကင်းဝေးနိုင်မှာပါ။
Posted by lwan hlainge at 8:57 PM 0 comments
Labels: ကျန်းမာရေး ပညာပေး


