Sunday, April 27, 2008

သန္ဓေတားဆေးများ၏ အန္တရာယ်

သန္ဓေတားဆေး စားသုံးသူ များတွင် သားအိမ် လည်တံ ကင်ဆာ ၂ ဆ ပို ဖြစ်နိုင်ကြောင်း တွေ့ရှိထား ခဲ့ပါတယ်။ သန္ဓေ တားဆေး စားတဲ့ ကာလ ရှည်လေလေ သားအိမ် လည်တံ ကင်ဆာ ဖြစ်မှု ပိုများလေလေ လို့ဆိုပါတယ်။ အထူးသဖြင့် Human Papilloma Virus ပိုးကြောင့် သားအိမ် လည်တံ ကင်ဆာ ဖြစ်သူများ မှာ သန္ဓေတားဆေး ကြောင့် ပို၍ အန္တရာယ် ရှိကြောင်း တွေ့ရှိ ခဲ့ရပါတယ်။

Read More...

ဟင်းသီးဟင်းရွက် ကျေးဇူး (၈)ချက်

ဟင်းသီး ဟင်းရွက် အသီးအနှံ တနေ့ (၅) ကြိမ် စားလျှင် _
(၁) နာတာရှည် ရောဂါများ ဥပမာ_ နှလုံး သွေးကြောကျဉ်း၊ လေဖြတ်ခြင်း နှင့် ကင်ဆာ ရောဂါ ဖြစ်ပွါးမှု
(၂၀)% ကျစေ၏။ ထိုရောဂါ ကြောင့် သေဆုံး နှုန်းလည်း ကျစေ၏။
(၂) သွေးတိုး ကျစေ၏။
(၃) အတွင်းတိမ် ရောဂါ ဖြစ်ပွားမှု နည်းစေ၏။
(၄) ရင်ကျပ် ပန်းနာ ခံစားရ မှုများ လျော့နည်း စေ၏။
(၅) ခန္ဓာကိုယ် အလေးချိန် မတက်အောင် ကာကွယ် ပေး၏။
(၆) အူလမ်းကြောင်း လုပ်ငန်းများ ပိုကောင်း စေ၏။
(၇) သွားပိုး စားခြင်း ကာကွယ် ပေး၏။ (၈) အဆီ စားသုံး မှုလည်း နည်းစေ၏။

Read More...

မှတ်ဥာဏ်မထိခိုက်အောင် ဒါတွေကိုရှောင်

(၁) အရက် ။ ။ အရက်သောက်သူများဟာ အနည်းဆုံး (၁၅) နှစ် ကြာသွားရင် မှတ်ဥာဏ်ကို ထိခိုက်လာတာ တွေ့ရပါတယ်။ (၂) ဆေးလိပ် ။ ။ ဆေးလိပ်သောက် တဲ့သူများဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှူရတဲ့ အတွက် မှတ်ဥာဏ် ထိခိုက်စေပါတယ်။ (၃) ကော်ဖီ ။ ။ ကော်ဖီများများ သောက်လျှင် ကဖင်းများက သွေးထဲမှာ ရှိတဲ့ ဗီတာမင် ပမာဏ ကို ကျဆင်းစေပြီး မှတ်ဥာဏ်ချို့ယွင်း လာနိုင်ပါတယ်။ (၄) ဆေးခြောက် ။ ။ ဆေးခြောက် သုံးစွဲလျှင် မှတ်ဥာဏ် ကိုရော ထိန်းချုပ် လှုပ်ရှားမှု ကိုပါ ထိခိုက် စေပါတယ်။ (၅) လက်ကိုင်ဖုန်းအသုံးပြုခြင်း ။ ။ လက်ကိုင်ဖုန်း ကထွက်တဲ့ ဓာတ်ရောင်ခြည် များဟာ လက်ကိုင်ဖုန်း ကိုနားမှာ ကပ်ပြီး စကားပြော နားထောင်သူ များရဲ့ ဦးနှောက်ကို ထိခိုက်စေလို့ မှတ်ဥာဏ် ချို့ယွင်း စေပါတယ်။ (၆) မှတ်ဥာဏ် ထိခိုက် စေသော ဆေးဝါးများ ။ ။ အိပ်ဆေးများ၊ စိတ်ငြိမ် ဆေးများ၊ သွေးတိုး ကျဆေးများ၊ အစာအိမ် အနာ အတွက် သောက်ရတဲ့ ဆေးဝါးများ ကလည်း မှတ်ဥာဏ်ကို ထိခိုက် စေပါတယ်။

Read More...

Thursday, April 24, 2008

အိပ်မပျော်တာဘာကြောင့်

အမေရိကန်ပြည်ထောင်စု ဖောင်ဒေးရှင်းတခုမှ အသက် ၅၅ နှစ် နှင့် ၈၄ နှစ်ကြား လူကြီးများ၏ အိပ်မပျော်နိုင်မှုအား ဘာကြောင့်ဖြစ်ရသည်ကို လေ့လာကြည်ခဲ့ရာ ၆၅% မှာ ညဘက်မကြာခဏ ဆီးထသွားရခြင်းကြောင့်လည်းကောင်း၊ ၁၉% မှာ တကိုယ်လုံးနာကျင်ကိုက်ခဲ၍ အနေအထိုင်မသက်မသာဖြစ်ခြင်းကြောင့်လည်းကောင်း၊ ၆% မှာချောင်းဆိုးနေသောကြာင့်လည်းကောင်း၊၆%မှာရင်ခေါင်းပူနာခံစားနေရသောကြာင့်လည်းကောင်း၊ ကျန် ၃%မှာ ခေါင်းကိုက်ဝေဒနာ ခံစားနေရသောကြောင့် လည်းကောင်း ဖြစ်သည်ကို တွေ့ရပါသည်။

Read More...

ကလေးများနဲ့အင်တာနက်စွဲရောဂါ

အင်တာနက်ကိုစွဲနေတဲ့ ကလေးများကို အကူအညီပေးတဲ့ နွေရာသီ စခန်းသွင်း အဖွဲ့တဖွဲ့၏ ဦးဆောင်သူများ၏အဆိုအရ၊ ကလေးတွေဟာ တနေ့လျှင် ၉ နာရီကြာအောင် အင်တာနက်ကစားနေခြင်းကြောင့်၊ အင်တာနက်စွဲရောဂါများ Internet Addiction Disorders (IDA) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ဝေဒနာများ ခံစားနေရကြောင်းပြောပြခဲ့ပါတယ်။ လေ့လာသုတေသနပြုချက်အရ ဒီပြဿနာဟာ လူမှုပတ်ဝန်းကျင် ဆက်ဆံရေး လျော့နည်းလာတယ်။ အစားအသောက်အာဟာရချို့တဲ့လာတယ်။ ကွန်ပျူတာရှေ့မှာထိုင်နေရတော့ လှုပ်ရှားမှုနည်းလာတယ် စတဲ့ပြဿနာများ ၀င်လာတောတွေ့ရပါတယ်။ ဒါကြောင့်ယခုချိန်မှစပြီး ကလေးများကို ကွန်ပျူတာရှေ့ အကြာကြီးမကစားပါစေနဲ့။

Read More...

Wednesday, April 16, 2008

သင်သိရဲ့လား

သင် အလုပ်လုပ်နေတဲ့ နေရာဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပါရဲ့လား။ လေ့လာမှုအသစ်တခုအရ ကွန်ပျူတာကီးဘုတ်ပေါ်တွင် အိမ်သာကမုတ်ပေါ်မှာထက်ရောပဂါပိုးမွှားပေါင်း အဆ ၄၀၀ မျှပို၍တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစားစာမယ်ဆိုရင် အစာစားဖို့ သီးသန့်ပြုလုပ်ထားတဲ့ နေရာမှာသာ စနစ်တကျစားပါ။

Read More...

ကိုယ်အလေးချိန်လျှော့ချင်သူများအတွက် သတင်းကောင်း

ကယ်(လ်)ဆီယမ်ဓာတ် လုံလောက်စွာစားပါက အစားလျှော့စားရန်မလို၊ လေ့ကျင့်ခန်းများများလုပ်ရန်မလိုဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ကြောင်း အမေရိကန်နိုင်ငံမှသုတေသီ တခုက အခိုင်အမာပြောဆိုလိုက်ကြပါတယ် ။ ဆယ်ကျော်သက်မိန်းကလေးများ အားလေ့လာခဲ့ရာ ကိုယ်အလေးချိန်နည်းရန်၊ ခန္ဓာကိုယ်အဆီမထူရန် ကယ်(လ်) ဆီယမ်ဓာတ်ပါသော အစားအစာများ ဥပမာ နို့တခွက် ချိစ် ဒိန်ခဲ ၁ လက်မစာလောက် တနေ့တကြိမ်စားရုံမျှဖြင့်၊ ကိုယ်အလေးချိန်မတက်အောင်ထိန်းထားနိုင်ကြောင်း တွေ့ရှိခံရတယ်လို့ဆိုပါတယ် ။ ယေဘုယျအားဖြင့် လူတိုင်း ကယ်(လ်)ဆီယမ်ပါဝင်သော အစာများစားပါက ၊ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အစာကို စားဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ် ။

Read More...