Tuesday, September 9, 2008

နားလေးသူများ အတွက်

နားလေးရသည့် အဓိက ဖြစ်စဉ်မှာ အကြားခံအာရုံကြောသို့ သွေးပို့လွှတ်မှု လျော့နည်းပြီး ဦးနှောက်ကို အကြားအာရုံပို့လွှတ်နှုန်းလည်း ကျဆင်းသွားသောကြောင့် ဖြစ်သည်။ နားဆီသို့ သွေးပို့အားများစေရန်နှင့် Conduction ကောင်းစေရန် အပ်စိုက်ကုပညာကို သုံးစွဲခဲ့ကြသည်။ အပ်စိုက်ကုပညာရှင်ကို ရှာမတွေ့နိုင်က လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှု အားကောင်းလာပြီး နားဆီသို့ သွေးပို့လွှတ်မှု ပမာဏ များလာပေမည်။ ဗီတာမင်ဘီ (Vit B3) or Niacin နှင့် Choline ဓာတ်ပါဝင်သော ဆေးများကို သောက်သုံးနိုင်သည်။ Niacin သည် အတွင်းနားရှိ သွေးကြောမျှင်လေးများအား ကျယ်စေပြီး သွေးပို့အားများစေသည်။ အခြား ဗီတာမင်ဘီ နှင့် Choline ဓာတ်သည် Conduction အားကောင်းစေသည့် Neurotransmitter Acetylcholine ကိုပြောင်းလဲပေးနိုင်သည်။ ထိုဓာတ်များပါဝင်သည့် သဘာဝအစားအစာများမှာ ပဲအမျိုးမျိုး (အထူးသဖြင့် ပဲပိစပ်)၊ ဂျုံ၊ ထောပတ်သီး၊ မြေပဲ၊ ဟင်းရွက်စိမ်းနှင့် ငါးများတွင် ပါဝင်ပါသည်။

Read More...

သွေးတိုးကျစေသည့် သံလွင်ဆီ Olive Oil

သံလွင်ဆီသည် သွေးတိုးကျစေပြီး သွေးထဲရှိ အဆီများကို ချပေးသည်။ WHO စာတမ်းအရ ၆၀ ရာခိုင်နှုန်းသော လေဖြတ်ခြင်းနှင့် ၅၀ ရာခိုင်နှုန်းသော နှလုံးရောဂါများ၏ အဓိကအကြောင်းအရင်းမှာ သွေးပေါင်ချိန် မြင့်တက်ခြင်းကြောင့်ဖြစ်သည်။ သံလွင်ဆီ စားသုံးနှုန်းသည် အပေါ်သွေးနှင့်အောက်သွေး နှစ်မျိုးစလုံးကို ကျဆင်းစေသည်။ ယနေ့ ကမ္ဘာပေါ်တွင် သွေးတိုးရောဂါကြောင့် လူ ၇.၁ သန်း နှစ်စဉ် သေဆုံးလေ့ရှိသည်။ ထိုမျှကြောက်စရာကောင်းသော သွေးတိုးရောဂါကို ကာကွယ်ရန်နေ့စဉ် ဟင်းလျာများတွင် Olive Oil ကို ထည့်သွင်းအသုံးပြုခြင်းဖြင့်သွေးတိုးရောဂါကို ကာကွယ်ဟန့်တားနိုင်မည်ဖြစ်သည်။

Read More...

အသက် ၅၀ ပြည့်ပြီဆိုရင်

၁။ သွေးပေါင်ချိန်။(နှစ်စဉ် စစ်ဆေးသင့်ပြီး တခြားရောဂါအတွက် ဆရာဝန်နှင့်သွားရောက်တွေ့ဆုံလျှင် လည်း ယင်းကိုထည့်ပြီးတိုင်ပင်ပါ။
၂။ ရင်သား (နှစ်တိုင်းဆရာဝန်ထံ သွားရောက်စစ်ဆေးသင့်သည်)
၃။ ရင်သား (လတိုင်း မိမိဘာသာအလုံး အကျိတ်ရှိမရှိစစ်သင့်)
၎။ ရင်သားဓာတ်မှန်ရိုက်ခြင်း (ဆရာဝန်က လိုအပ်လျှင် ညွှန်ကြားမည်)
၅။ ကိုလက်စထရော Cholestrol ကောင်းသော အဆီပမာဏ။
၆။ သွားကျန်းမာရေး (၆လမှ ၁၂လတစ်ကြိမ်စစ်ဆေးသင့်သည်)
၇။ ဆီးကျိတ် (ရောင်ရမ်းမှု၊ ကင်ဆာရောဂါနှင့် အခြားရောဂါများအတွက် စစ်သင့်သည်)
၈။ ယောက်ျားအင်္ဂါအနေအထား (လတိုင်းမိမိဘာသာစစ်သင့်သည်)
၉။ အမြင်အာရုံ (နှစ်စဉ်စစ်ပါ။ အသက်ကြီးလာခြင်းသည် ရေတိမ်ရောဂါဖြစ်စေသော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်)
၁၀။ Pap Smear။

Read More...

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။

အယူအဆမှား (၁) - ၀က်ခြံပေါက်တာဟာ တစ်ကိုယ် ရေသန့်ရှင်းရေး မကောင်းလို့ အပျင်းထူပြီး ညစ်ပတ်လို့ ဖြစ်တယ်။
သင်ဟာ ညစ်ပတ်လို့ ၀က်ခြံပေါက်တာထင်ပြီး သင့်မျက်နှာကို ၀က်ခြံပျောက်ချင်ဇောနဲ့ မကြာခဏ ပွတ်တိုက်ဆေးကြော၊ သန့်ရှင်းနေရင်တော့ ၀က်ခြံတွေ ပိုဆိုးလာပါလိမ့်မယ်။ အမှန်တော့ အညစ်အကြေးတွေနဲ့ အရေပြားမျက်နှာပြင်က အဆီတွေဟာ ၀က်ခြံဖြစ်စေတဲ့ အကြောင်းရင်းမဟုတ်ပါဘူး။ တစ်နေ့တာအတွင်း စုမိနေတဲ့ အညစ်အကြေးတွေနဲ့ အရေပြားဆဲလ်သေတွေဟာ ရှိနေတဲ့ဝက်ခြံတွေကိုလည်း ပိုမဆိုးစေပါဘူး။ အလွန်အကျွံမျက်နှာကို ဆေးကြောနေခြင်းကသာ အရေပြားကို ယားယံစေပြီး ၀က်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ၀က်ခြံအတွက်ပါအကောင်းဆုံးကတော့ တစ်နေ့နှစ်ကြိမ် (မနက်အိပ်ရာထနဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်စီ) မျက်နှာသစ်ဆပ်ပြာအပျော့စားနဲ့ ညင်ညင်သာသာ ဆေးကြောသန့်ရှင်းပေးဖို့နဲ့ ၀က်ခြံအတွက် သင့်တော်တဲ့ ကုသမှုခံယူဖို့ပါ။

အယူအဆမှား (၂) - အစားအသောက်က ၀က်ခြံပေါက်စေတဲ့ အဓိကအကြောင်းရင်းပဲ။
ကြော်ထားတဲ့အစာတွေ၊ ငန်တဲ့အစာတွေနဲ့ ချောကလက်တွေဟာ ၀က်ခြံပေါက်စေနိုင်တယ်လို့ လူအများက ယုံကြည်ထားပေမယ့် သိပံ္ပနည်းကျလေ့လာမှုတွေက အစားအသောက်နဲ့ ၀က်ခြံအကြားဆက်စပ်မှုကို သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစာအသောက်တွေကို စားပေးရင်တော့ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းအောင် ကူညီနိုင်မှာဖြစ်ပါတယ်။

အယူအဆမှား (၃) - ၀က်ခြံကိုညှစ်ပြီး အဆံထုတ်မှသာ ပျောက်နိုင်ပါတယ်။
အမှန်တော့ သင့်ဝက်ခြံကို ထိတွေ့ကိုင်တွယ်ခြင်း၊ ညှစ်ခြင်းတွေဟာ သင့်အရေပြားအောက်ကို ရောဂါပိုးတွေတွန်းထည့်နေသလိုဖြစ်ပြီး ၀က်ခြံကို ပိုမိုနီရဲနာကျင်စေကာ ရောဂါပိုးတွေ ပြန့်ပွားစေပါတယ်။ ဒါ့အပြင် ၀က်ခြံကိုညှစ်ခြင်းကြောင့် အမာရွတ်လည်း ကျန်ခဲ့နိုင်ပါတယ်။

အယူအဆမှား (၄) - ၀က်ခြံဟာ ဆယ်ကျော်သက် အရွယ်မှာသာ ပေါက်တတ်တယ်။
အမှန်ကတော့ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ ကျော်အရွယ်အထိ ၀က်ခြံပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ၀က်ခြံအများဆုံးပေါက်တတ်ပေမယ့် လူကြီးတွေမှာလည်း ၀က်ခြံပေါက်နိုင်တာပါပဲ။

အယူအဆမှား (၅) - လိင်ဆက်ဆံခြင်းနဲ့ စိတ်ဖြေခြင်းတွေက ၀က်ခြံပေါက်စေတယ်။
လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်း၊ စိတ်ဖြေခြင်းနဲ့ ၀က်ခြံအကြားမှာ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။

Read More...

Monday, July 14, 2008

ငါးဆိုရင်

OMEGA 3 ပါတဲ့ ငါးကို စားပါ ။ ငါးဆိုတိုင်း ဘေးကင်းတယ် လို့ပြောလို့ မရပါဘူး။ မာကျူရီ ခေါ် ပြဒါးဓာတ် ပါတဲ့ ငါးကိုတော့ ရှောင်ရမှာပါ။ ပြဒါးဓါတ် ပါတဲ့
ငါးကိုစား တာများရင် နှလုံး ရောဂါ ကာကွယ်ရာ မရောက်ဘဲ ရောဂါ ဖြစ်စေဖို့ ပိုအားပေး သလို ဖြစ်တတ် ပါတယ်။

စားသင့် မစားသင့် တာတွေက

ဆော်လမွန်၊ ပုဇွန်ဆိတ် နဲ့ တီလား ဗီးယား ငါးတို့ကို တပတ်မှာ လေးအောင်စ လောက်စား သင့်ပါတယ်။ တခါတရံ တော့ ပုဇွန် ဂဏန်းကို တပတ်မှာ
လေးအောင် စလောက် စားလို့ရ ပါတယ်။

ရှောင်ရမှာ ကတော့

ငါးသလောက် ငါးမန်းတို့ ဖြစ်ပါတယ်။

Read More...

ဗီတာမင်ဒီ သည် ရင်သား ကင်ဆာ ထိန်းချုပ်ရေး ကို အကူအညီပေး

လေ့လာချက် တစ်ရပ်အရ ဗီတာမင် ဒီ ပမာဏ နည်းပါးစွာ ရှိနေသော ရင်သားကင်ဆာ ဝေဒနာရှင် များသည် သေဖို့ ပိုမိုနည်းစပ် ကြောင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိထားသော ဝေဒနာရှင် များထက် မရရှိသော ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပိုမို ပြန့်ပွားနိုင်ကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဖော်ထုတ် ခဲ့ကြသည်။ သက်သေခံ တွေ့ရှိချက်များ ကို ထည့်သွင်း ဖော်ပြရလျှင် နေရောင်ခြည် ဗီတာမင်သည် ကင်ဆာ ရောဂါကို တိုက်ဖျက် နိုင်သည့် အကျိုး ကျေးဇူးရှိကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ် ထို လေ့လာမှု တွင် ပါဝင်သော အမျိုးသမီး ၂၄ ရာခိုင်နှုန်း ၏ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပျံ့နှံ့ရန် အလားအလာ မှာ လာမည့် ၁၀ နှစ်အတွင်း နှစ်ကြိမ်ပိုမို နီးစပ်ပြီး ၇၃ ရာခိုင်နှုန်း သော ဝေဒနာရှင် များမှာ ထိုရောဂါဖြင့် သေရန် ပိုမိုနီး စပ်ကြောင်း တွေ့ရှိခဲ့ ကြသည်။ တိုရန်တိုရှိ မောင့်ဆီနိုင်း ဆေးရုံမှ ဒေါက်တာ ပါမီလာ ဂေါ်ဒွင်က ထိုတွေ့ရှိချက် များအရ အတော်လေး ကြီးကြီးမားမား ကွာခြားချက် တွေ ရှိနေကြောင်း ၊ ယင်းသည် ပထမဆုံး အကြိမ် ဗီတာမင်ဒီ နှင့် စပ်လျဉ်း၍ ရင်သားကင်ဆာ အလား အလာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ပြောကြား ခဲ့သည်။

Read More...

အကြောက် လွန်ခြင်း နှင့် နှလုံးရောဂါ ဆက်စပ်နေ

နာကျင်မှု စိုးရိမ်ပူ ပန်မှု၊ အသက် မြန်မြန် ရှူခြင်းနှင့် ကြောက်လွယ်ခြင်း တို့သည် အလွန်အမင်း ကြောက်ရွံ့ တတ်သော ရောဂါ ၏် လက္ခဏာ များဖြစ်ပြီး နှလုံး ကိုလည်း ပျက်ဆီး မှု ဖြစ်စေ သည်။ အမျိုးသမီး များတွင် လေ့လာမှု အသစ် အရ သွေးမဆုံး ခင် ၆ လခန့် အလိုတွင် အလွန် ကြောက်တတ် ခဲ့သော သူတို့သည် နောင် ၅ နှစ်တွင် နှလုံးရောဂါ ကို ခံစားရန် အခွင့်အလန်း ၄ ဆ ပိုများသည်။ ကြောက်ရွံ့ ခြင်းကြောင့် နှလုံးခုန် စည်းချက် ပြောင်းလဲ လာမှုသည် နှလုံးကို အန္တရာယ် ဖြစ်စေနိုင် သကဲ့သို့ ယင်းကြောက် တတ်သည့် စိတ်မှာ နှလုံးရောဂါ ၏ မမြင်သာ သေးသည့် လက္ခဏာ အစလည်း ဖြစ်နိုင်သည်။ စိတ်ဖိစည်း မှုသည် နှလုံးရောဂါ နှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။

Read More...