OMEGA 3 ပါတဲ့ ငါးကို စားပါ ။ ငါးဆိုတိုင်း ဘေးကင်းတယ် လို့ပြောလို့ မရပါဘူး။ မာကျူရီ ခေါ် ပြဒါးဓာတ် ပါတဲ့ ငါးကိုတော့ ရှောင်ရမှာပါ။ ပြဒါးဓါတ် ပါတဲ့
ငါးကိုစား တာများရင် နှလုံး ရောဂါ ကာကွယ်ရာ မရောက်ဘဲ ရောဂါ ဖြစ်စေဖို့ ပိုအားပေး သလို ဖြစ်တတ် ပါတယ်။
စားသင့် မစားသင့် တာတွေက
ဆော်လမွန်၊ ပုဇွန်ဆိတ် နဲ့ တီလား ဗီးယား ငါးတို့ကို တပတ်မှာ လေးအောင်စ လောက်စား သင့်ပါတယ်။ တခါတရံ တော့ ပုဇွန် ဂဏန်းကို တပတ်မှာ
လေးအောင် စလောက် စားလို့ရ ပါတယ်။
ရှောင်ရမှာ ကတော့
ငါးသလောက် ငါးမန်းတို့ ဖြစ်ပါတယ်။
Monday, July 14, 2008
ငါးဆိုရင်
Posted by lwan hlainge at 8:42 PM 0 comments
Labels: ဆေးဖက်ဝင်အစားအစာ
ဗီတာမင်ဒီ သည် ရင်သား ကင်ဆာ ထိန်းချုပ်ရေး ကို အကူအညီပေး
လေ့လာချက် တစ်ရပ်အရ ဗီတာမင် ဒီ ပမာဏ နည်းပါးစွာ ရှိနေသော ရင်သားကင်ဆာ ဝေဒနာရှင် များသည် သေဖို့ ပိုမိုနည်းစပ် ကြောင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိထားသော ဝေဒနာရှင် များထက် မရရှိသော ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပိုမို ပြန့်ပွားနိုင်ကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဖော်ထုတ် ခဲ့ကြသည်။ သက်သေခံ တွေ့ရှိချက်များ ကို ထည့်သွင်း ဖော်ပြရလျှင် နေရောင်ခြည် ဗီတာမင်သည် ကင်ဆာ ရောဂါကို တိုက်ဖျက် နိုင်သည့် အကျိုး ကျေးဇူးရှိကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ် ထို လေ့လာမှု တွင် ပါဝင်သော အမျိုးသမီး ၂၄ ရာခိုင်နှုန်း ၏ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပျံ့နှံ့ရန် အလားအလာ မှာ လာမည့် ၁၀ နှစ်အတွင်း နှစ်ကြိမ်ပိုမို နီးစပ်ပြီး ၇၃ ရာခိုင်နှုန်း သော ဝေဒနာရှင် များမှာ ထိုရောဂါဖြင့် သေရန် ပိုမိုနီး စပ်ကြောင်း တွေ့ရှိခဲ့ ကြသည်။ တိုရန်တိုရှိ မောင့်ဆီနိုင်း ဆေးရုံမှ ဒေါက်တာ ပါမီလာ ဂေါ်ဒွင်က ထိုတွေ့ရှိချက် များအရ အတော်လေး ကြီးကြီးမားမား ကွာခြားချက် တွေ ရှိနေကြောင်း ၊ ယင်းသည် ပထမဆုံး အကြိမ် ဗီတာမင်ဒီ နှင့် စပ်လျဉ်း၍ ရင်သားကင်ဆာ အလား အလာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ပြောကြား ခဲ့သည်။
Posted by lwan hlainge at 8:16 PM 0 comments
Labels: ဗီတာမင်များ
အကြောက် လွန်ခြင်း နှင့် နှလုံးရောဂါ ဆက်စပ်နေ
နာကျင်မှု စိုးရိမ်ပူ ပန်မှု၊ အသက် မြန်မြန် ရှူခြင်းနှင့် ကြောက်လွယ်ခြင်း တို့သည် အလွန်အမင်း ကြောက်ရွံ့ တတ်သော ရောဂါ ၏် လက္ခဏာ များဖြစ်ပြီး နှလုံး ကိုလည်း ပျက်ဆီး မှု ဖြစ်စေ သည်။ အမျိုးသမီး များတွင် လေ့လာမှု အသစ် အရ သွေးမဆုံး ခင် ၆ လခန့် အလိုတွင် အလွန် ကြောက်တတ် ခဲ့သော သူတို့သည် နောင် ၅ နှစ်တွင် နှလုံးရောဂါ ကို ခံစားရန် အခွင့်အလန်း ၄ ဆ ပိုများသည်။ ကြောက်ရွံ့ ခြင်းကြောင့် နှလုံးခုန် စည်းချက် ပြောင်းလဲ လာမှုသည် နှလုံးကို အန္တရာယ် ဖြစ်စေနိုင် သကဲ့သို့ ယင်းကြောက် တတ်သည့် စိတ်မှာ နှလုံးရောဂါ ၏ မမြင်သာ သေးသည့် လက္ခဏာ အစလည်း ဖြစ်နိုင်သည်။ စိတ်ဖိစည်း မှုသည် နှလုံးရောဂါ နှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။
Posted by lwan hlainge at 8:16 PM 0 comments
Labels: ကျန်းမာရေးပညာပေး
Friday, June 27, 2008
စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်းကို သက်သာရန်
- အိပ်စက်ချိန် အပြည့်အ၀ ထားရှိပါ။
- ကြွက်သား များကို သက်သောင့် သက်သာ ပြေလျော့ နိုင်သော နည်းလမ်းများ ကိုသင်ယူ ထားပါ။
- အရက်ကို တော်သင့်ရုံ သာသောက်ပါ။ ဖြစ်နိုင်မည် ဆိုလျှင် လုံးဝ မသောက်မိ စေရန် သတိထား သင့်သည် ။
- Caffeine အလွန်အကျွံ သောက်သုံးခြင်း ကိုလည်း ရှောင်နိုင်ရန် ကြိုးစားပါ။
- ခေါင်းကိုက် သက်သာစေ ရန် ပညာရှင် တို့ညွှန်ကြား ထားသည့် အတိုင်း ဆေးကို သောက်ပါ။
- ကုပ်ပေါ်တွင် အ၀တ်စို ခပ်နွေးနွေး လေး တင်ထားပေး ခြင်းသော် လည်း ခေါင်းကိုက်ခြင်း ကို သက်သာ စေပါသည်။
- ရေချိုးပြီး သည့်နောက် ကုပ်၊ နားထင်၊ နဖူးတို့ကို မိမိ ဘာသာ နှိပ်နယ် ပေးခြင်း ကလည်း သင့်ကို ကူညီ နိုင်သည်။
- ပုံမှန် ကိုယ်လက် လှုပ်ရှား မှုရှိနေ ခြင်းသည် ကြွက်သား များတောင့်တင်း နေမှု နှင့် စိတ်ဖိစီး မှုတို့ကို လျှော့ချ နိုင်သောကြောင့် လေ့ကျင့်ခန်း မှန်မှန်
လုပ်ပါ။
- လည်ပင်း ရှိကြွက်သား တို့ကို နှိပ်ပေးပါ။
- ကိုယ်နေ ဟန်ထား မှန်မမှန် စစ်ဆေးပါ။
- စိတ်ဖိစီး မှုဖြစ်ရ သော ဇစ်မြစ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်ပါ။ ဆရာဝန် နှင့် ပြ၍ တိုင်ပ် ပြသ သင့်သော အခြား လက္ခဏာ များမှာ
- ခေါင်းကိုက် ခြင်းနဲ့ အတူ ဖျားနာ ခြင်း၊ လည်ပင်း များတောင့်တင်း ၍လာခြင်း ။
- စကားမပီ မသ ဗလုံး ဗထွေး ပြောပြီး ခြေလက်များ ညောင်းညာ အားနည်းခြင်း ။
- အမြင် အာရုံ နှင့် ပတ်သက် သည့် လက္ခဏာ များပူးတွဲ ပါရှိ လာခြင်း။
- ခေါင်းကိုက် သည့် အကြိမ် အရေ အတွက် များလာပြီး ပို၍ ဆိုးလာခြင်း ။
Posted by lwan hlainge at 2:43 PM 0 comments
Labels: ကျန်းမာရေး ပညာပေး
ဖရဲသီးအကြောင်းသိမှတ်ဖွယ် ၅ ခု
၁။ ဖရဲသီးဟာ သစ်သီး မဟုတ်ပါဘူး ။ ဟင်းသီးဟင်းရွက်တမျိုးဖြစ်ပြီး သခွါးသီ: ဖရုံသီးနဲ့
ရုက္ခ ဗေဒမျိုးစိတ် သူပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ ကတည်းက အီဂျစ်မှာ စတင်စိုက် ပျိုးခဲ့ပြီး အခုအခါမှာ တိုင်းပြည်ပေါင်း ၁ဝဝ မှာ စိုက်ပျိုး လျက်ရှိပါသည် ။
၂။ အမျိုးအစားပေါင်း ၅ဝ ကျော် ရှိပါတယ် ။ များသော အားဖြင့် အနီ ရောင်ဖြစ်ပြီး အဝါရောင် ၊ လိမ္မော်ရောင် အမျိုးအစားတွေလည်း ရှိပါတယ် ။
၃။ ဖရဲသီးမှာ ဗီတာမင် A,b & B6 များစွာ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်လည်းများ စွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှု အလွန်နည်းပါတယ်။အမျှင်ဓါတ် ပါဝင်ပြီး အဆီဓါတ် လုံးဝ မပါဝင်ပါ ။
၎။ ရေ ငတ်ပြေရာမှာ နာမည်ကြီးပါတယ် ။ ရေ ၉၂ % နဲ့ သကြား ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။
၅။ ဖရဲသီးရဲ့ အစိတ်အပိုင်း အားလုံးကို စားလို့ရပါတယ် ။ အစေ့ကို ကွာစိ လှော် အနေနဲ့ စားနိုင်ပြီး အခွံကို အချည်တည်ပြီး သနပ်လုပ်စားလို့ ရပါတယ် ။
Posted by lwan hlainge at 2:42 PM 0 comments
Labels: ဆေးဖက်ဝင် အစားအစာများ
သွေးတိုးကျ စေသည့် သံလွင်ဆီ ( olive oil )
သံလွင်ဆီ သည် သွေးတိုး ကျစေပြီး သွေးထဲရှိ အဆီများကို ချပေးသည်။ WHO စတမ်း အရ ၆၀% သာလေဖြတ် ခြင်းနှင့် ၅၀% သာနှလုံး ရောဂါ များ၏ အဓိက အကြာင်းရင်း မှာ သွေးပေါင် ချိန် မြင့်တက် ခြင်းကြောင့် ဖြစ်သည်။ သံလွင်ဆီ စားသုံးမှု နှုန်းသည် အပေါ်သွေး နှင့် အောက်သွေး နှစ်မျိုး စလုံးကို ကျဆင်းစေ သည်။ ယနေ့ ကမ္ဘာပေါ်တွင် သွေးတိုး ရောဂါ ကြောင့် လူ ၇.၁ သန်း နှစ်စဉ် သေဆုံး လေ့ရှိသည်။ ထိုမျှ ကြောက်စရာ ကောင်းသော သွေးတိုး ရောဂါ ကို ကာကွယ် ရန် နေ့စဉ် ဟင်းလျာ များတွင် olive oil (သံလွင်ဆီ) ကို ထည့်သွင်း အသုံးပြု ခြင်းဖြင့် သွေးတိုး ရောဂါကို ကာကွယ် ဟန့်တား နိုင်မည်ဖြစ်သည်။
Posted by lwan hlainge at 2:38 PM 0 comments
Labels: ကျန်းမာရေးပညာပေး
Thursday, May 15, 2008
စိတ်ထားပြောင်းလဲခြင်းဖြင့် ကိုလက်စထရော ကိုလျှော့ချပါ
စိတ်ကို အေးချမ်းစွာ နေထိုင်တာ ကြောင့် သင့်ရဲ့ သွေးတွင်း ကောင်းတဲ့ အဆီ (HDL Cholesterol) အဆင့်တွေ မြင့်တက် လာနိုင်တယ် လို့ လေ့လာမှု အသစ်တွေ အရ တွေ့ရှိရ ပါတယ်။ Oregon တက္ကသိုလ် မှ သုတေသန ပြုသူတွေ က အမျိုးသား ၇၁၆ ယောက်ကို စမ်းသပ် ရာမှာ စိတ်ဖိစီး မှုများ တဲ့ အခြေ အနေ ကို အေးချမ်းစွာ ဖြေရှင်းသူ တွေဟာ စိတ်တို ပြီး ဒေါသ ထွက်သူတွေ ထက် သွေးတွင်း ကောင်းတဲ့ အဆီ (HDL Cholestrol) အဆင့်တွေ သိသိ သာသာ မြင့်တက် လာတာ ကိုတွေ့ ရပါတယ်။ စိတ်တိုတဲ့ အမျိုးသား တွေမှာ သွေးတွင်း အကောင်းတဲ့ အဆီ (triglyceride) တွေ မြင့်တက် လာတာ ကိုတွေ့ ခဲ့ပါတယ်။ အမျိုးသမီး တွေမှာ လည်း တူညီ တဲ့ အကျိုး သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်တို ဒေါသ ထွက်စရာ ရှိရင် အသက် ကိုဖြည်းဖြည်း နဲ့ နက်နက် ရှူသွင်း လိုက်တဲ့ မိမိ ကိုယ်ကို ဒေါသ ထိန်းတဲ့နည်း (self control)
ကို အသုံး ပြုလိုက်ပါ၊
Posted by lwan hlainge at 12:53 PM 0 comments
Labels: ကျန်းမာရေး ပညာပေး


